MMS
Production Group
Yangon · Since 2012
မင်္ဂလာပွဲ၊ ကျောင်းဆင်းပွဲ၊ Stage Show နှင့် ကုမ္ပဏီပွဲများကို ရုပ်ရှင်ဆန်ဆန် ပြန်လည်ခံစားနိုင်အောင် ဖန်တီးပေးပါသည်။
"Dedicated to Your Satisfaction"
Our Mission & Vision
MMS Production Group သည် မြန်မာနိုင်ငံ၏ မှတ်တမ်းနှင့် ရိုက်ကူးရေးလောကတွင် အတွေ့အကြုံရင့်ကျက်သော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ခမ်းနားထည်ဝါသော Stage Shows၊ Variety Shows၊ ကျောင်းဆင်းပွဲ (Graduation & Prom Night)၊ မင်္ဂလာမှတ်တမ်း (Special Wedding Day) နှင့် Social Media Contents များကို Cinematic အမြင်သစ်များဖြင့် ပုံဖော်ပေးနေပါသည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ သမားရိုးကျ မှတ်တမ်းတင်ရုံသာမက ပွဲတစ်ခု၏ အနှစ်သာရနှင့် စိတ်လှုပ်ရှားမှုများကို Cinematic Experience အဖြစ် ပြန်လည်ခံစားနိုင်စေရန် ဖြစ်ပါသည်။
With years of expertise in Myanmar's production industry, we bring grand stage shows, graduations, prom nights and weddings to life — turning your precious moments into high-quality visual stories through a professional, cinematic lens.
Our Team
One crew. One vision.
What We Do
Services & Prices
Terms & Conditions
ဝန်ဆောင်မှုရယူလိုသည့် ရက်မတိုင်မီ အနည်းဆုံး (၁၅) ရက်မှ (၃၀) ရက် ကြိုတင်၍ ဘိုကင်တင်ပေးရပါမည်။
All bookings must be made at least 15 to 30 days prior to the event date.
ဘိုကင်တင်သည့်နေ့တွင် စုစုပေါင်းကျသင့်ငွေ၏ (၃၀%) ကို စပေါ်ငွေ (Deposit) အဖြစ် ပေးချေရပါမည်။ ကျန်ရှိသော (၇၀%) ကို ပွဲမတိုင်မီ (၇) ရက်အလိုတွင် အကျေပေးချေရပါမည်။
A 30% non-refundable deposit is required on the booking date. The remaining 70% must be settled at least 7 days before the event.
ပွဲရက်ရွှေ့ဆိုင်းလိုပါက အနည်းဆုံး (၁၅) ရက် ကြိုတင်အကြောင်းကြားရပါမည်။ Customer ဘက်မှ ပွဲဖျက်သိမ်းပါက ပေးသွင်းထားသော စပေါ်ငွေကို ပြန်လည်အမ်းမည်မဟုတ်ပါ။
Rescheduling requests must be made at least 15 days in advance. If the customer cancels, the deposit is non-refundable.
ပွဲအတွင်း ထပ်မံတိုးမြှင့်လိုသော ဝန်ဆောင်မှုများအတွက် ကျသင့်ငွေကို Customer မှ ထပ်မံပေးချေရန် သဘောတူညီရပါမည်။
The customer agrees to pay additional fees for any extra services requested during the event.
ရန်ကုန်မြို့ပြင်ပ (ဥပမာ - သန်လျင်၊ ဒလ၊ မှော်ဘီ၊ လှည်းကူး) ပွဲများအတွက် သွားလာရေးနှင့် တည်းခိုစရိတ်များကို Customer ဘက်မှ ကျခံပေးရပါမည်။ ရိုက်ကူးရေးကာလအတွင်း အဖွဲ့သားများ၏ စားစရိတ်ကို စီစဉ်ပေးရမည် (သို့မဟုတ်) သတ်မှတ်ထားသော နေ့တွက်စရိတ် ပေးချေရပါမည်။
For events outside Yangon, the client covers transport and accommodation for the crew, and provides meals or the agreed daily meal allowance.
Let's Create Together